This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 3 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 5 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

New Page 1

ဘဝရဲ့ဆည်းဆာ ဆိုဒ်ကလေးမှ ကြိုဆိုပါတယ်ခင်ဗျာ... လာရောက်လည်ပတ်တဲ့အတွက်လည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ...အမှားအယွင်းတစ်စုံတရာရှိပါက နားလည်ခွင့်လွှင့်ပေးကြပါရန် မေတ္တာရပ်ခံပါရစေ....

Pages

Saturday, February 1, 2014

အနားသတ်ကဗျာ

စွန့်လွှတ်မယ် တွေးလိုက်တိုင်း
ဒီရင်ခွင်လက်ဝဲဘက်က နာကျင်တယ်…။
မေ့ဖျောက်ဖို့ ကြိုးစားတိုင်း
ဒီရင်ခွင်လက်ဝဲဘက်က ပူလောင်တယ်…။
နင်နောက်တစ်ယောက် တွဲသွားတိုင်း
ဒီရင်ခွင်လက်ဝဲဘက်က အချက်ပြတယ်…။
ဒါပေမယ့် အခုတော့
ငါ့ဘ၀မှာ နင်မလိုတော့ဘူး အမြဲတမ်းလဲ အားမငယ်ဘူး။
ဘယ်တော့မှ ငါ့ကို မထားခဲ့ပါနဲ့လို့လဲ မပြောတော့ဘူး။
နင် မသိနိုင်တဲ့နေရာမှာ တိတ်တိတ်လေးလဲ ငါ မငိုဘူး။
နီးစပ်ဖို့လဲ မကြိုးစားဘူး မရေရာတာတွေ မလုပ်တော့ဘူး။
အသဲကွဲကဗျာ မရေးတော့ဘူး လွမ်းဆွေးခွင့် မပေးတော့ဘူး။
ခင်မင်မှု …….သံယောဇဉ်……….
မြတ်နိုးမှု……….တွယ်တာမှု……….
ရိုးသားမှု………….သစ္စာရှိမှု………..
ယုံကြည်မှု…………..ခွင့်လွှတ်မှု………..
ဆိုတဲ့ နင့်အတွက် ထာဝရတွေကို ငါ နောက်ပြန်ရစ်မယ်။
အချိန်တွေတိုက်စားလာတာနဲ့ အမျှ
အချစ်ကို ကောင်းကောင်းကြီး သဘောပေါက်သွားတယ်။
ငါ စွန့်လွတ်မှုကိုရွေးချယ်နိုင်ခဲ့လို့
အေးချမ်းခြင်း သဘောတရားကို နားလည်သွားတယ်။
ကောင်းတဲ့ခံစားချက်ကို ငါကိုယ်တိုင်ပဲ ဖန်တီးယူတော့မယ်။
ဒါပေမယ့်ပေါ့…..
ပကတိဖြူစင်ရိုးသားတဲ့ ငါ့ အပြုံးကို ပြန်မြင်ရဖို့အတွက်
တော်တော့် ကို ကြိုးစားရဦးမယ်……………….။

မရဏနိယာမ

မှုန်ပြပြအခန်းငယ်ထဲ……..
ဖြူညစ်ညစ် မျက်နှာကြက်ကို မျှော်ငေးရင်း
ကြောပူတဲ့ ဒဏ်ကလည်း ခံရခက်လှပါတယ်။

ခုတင်တိုင် ခေါင်းရင်း ခြေရင်း အနားစွန်းတိုင်း
ရှုတ်ယှက်ခတ်နေတဲ့ပိုက်လိုင်းတွေမှတဆင့်
တစ်စက် တစ်စက် စီးဆင်းထားတဲ့ ဆေးရည်
တဆစ်ဆစ်တိုးဝင်နေတဲ့ လက်ဖျံဆီက အပ်
နာကျင်ခြင်းမှတပါး အရာအားလုံးက မှန်ဝါးဝါး။

နှောင်ဝေေ၀ …….
ကြေးစည်သံအဝှေ့ စီခနဲ ငိုညည်းသံကြား
အိပ်စက်ခြင်းကို ညင်သာစွာ နိုးထလိုက်တယ်။

အခုတော့လည်း ငါ့ကိုယ်ခန္ဓာက ပေါ့ပါးစွာ
နာကျင်ခြင်း ကင်း ရှုပ်ထွေးခြင်း ရှင်းလို့
အဖြူရောင် သေတ္တာငယ်ကလေးထဲမှနေ
နှုတ်ဆက်သမျှ တည်ငြိမ်စွာ ပြန်ပြုံးပြရင်း
ငြိမ်ချမ်းစွာ လှဲလောင်းနေလို့ပါလား။

အဆင် အယဉ်…..
ပန်းနုရောင် ဖဲကြိုးလေးများအလယ်
အနားသတ် လိပ်စာကဒ်က ရိုးရှင်းစွာ ။

“ဒီကောင်မလေး…….အသက်၂၆ နှစ်”

ငယ်အဆင်း ပြိုယွင်း ဇရာ မသွင်းရသေးငြား
အချိန်တိုင်း စက္ကန့်တိုင်း မရဏတံခါးဝတွင်း
သက်ဆင်းလို့ သွားနိုင်ပါတကား။

တစ်စုံတစ်ရာ

အတိတ်ဆိုတာ သောင်ပြင်မှာ ရေးခြစ်ပြီး
ကမ်းစပ်ကိုလှိုင်းပုတ်ယုံနဲ့ ပျောက်ကွယ်သွားသလို မပျောက်ကွယ်နိုင်ဘူး
တစ်စုံတစ်ရာ တည်ရှိနေလိမ့်မယ်။
အတန်းသင်ခန်းစာ ပြီးဆုံးနေပေမယ့် လောကသင်ခန်းစာက ခုနေခါမှ စတယ်
သရုပ်ပြချက်တွေထက် လက်တွေ့လုပ်ရပ်က  ပိုရက်စက်တယ်
တစ်စုံတစ်ရာ ပေးဆပ်ရလိမ့်မယ်။
ကိုးကွယ်မိတဲ့ အချစ်က ထင်ထားတာထက် အယောင်ဆောင်မှုတွေ ပိုများတယ်
ဘယ်သူနဲ့မှ အမှား အမှန် ပြိုင်ငြင်း မနေတော့ပါဘူး
တစ်စုံတစ်ရာ မှန်လိမ့်မယ်။
ခက်ခဲမှုတိုင်းက လွယ်ကူခြင်းရဲ့ လမ်းစဖြစ်လာသလို
ဘ၀အတွက် စိန်ခေါ်မှုတွေကို ယှဉ်ပြိုင်ဖို့လိုလာတိုင်း ငါ အတွက် ခံနိုင်ရည်ဆိုတာ
တစ်စုံတစ်ရာ က အားအဖြစ်ပြောင်းပေးတယ်။
မိုးရွာပြီးစ သစ်ရွက်အဖျားလေးမှာ တွဲလဲခိုနေတဲ့ ရေကြည်တစ်စက်ပေါ်ကို
နေရောင်ခြည်ဖြာကျလိုက်တဲ့အခါ စိန်ရောင်တွေလို တဖျပ်ဖျပ်တောက်ပနေသလောက်
မျက်ဝန်းအိမ်ဖျားမှာတွဲလဲခိုနေတဲ့ ငါ့ မျက်ရည်စက်က ကြည့်မကောင်းခဲ့ပါဘူး..။
သေချာပါတယ်
နှလုံးသားတစ်နေရာမှာ တစ်စုံတစ်ရာ က စူးနစ်ဝင်ရောက်ထားဆဲ။

Saturday, November 3, 2012

မိုး...ကော...လေ...ကော...ထား...သွား...တယ်

ဘာကိုစိတ်ချလက်ချယုံလိုက်ရတော့မှာလဲအမေ...
ဘ၀ကလည်းရေနည်းနေပြီ
မနက်ဖြန်တွေကမလင်းနိုင်သေးသလို
အမှောင်တွေကလည်းမကုန်သေးဘူး
ခုတော့ကိုယ့်ပုခုံးကိုယ်ပုတ်နှစ်သိမ့်ယုံပေါ့
သား...အမေ...ရင်ခွင်ထဲမှာလုံလုံခြုံခြုံနေချင်သေးတယ်။
ဒီအညွှန့်အတက်ကလေး
အမေရဲ့မေတ္တာ စင် ကလေးပေါ်တွယ်ရပ်နေတုန်း
ဲဗြုန်းဆို...အမေ...အမှောင်ထဲမှာပြုံးပြနူတ်ဆက်သွားတော့
သားဘယ်လိုမျှော်လင့်ချက်အသစ်နဲ့
ပျိုမြစ်ဖူးပွင့်ရမလဲအမေ....
လိုတာကိုလက်ညိုးထိုးငိုယိုခွင့်ရှိတဲ့သားရဲ့မျက်ရည်တွေက
အမေ့ကို...ပြန်ခေါ်ပေးနိုင်လို့လား
သူ့အတွက်ဘယ်လိုအကျိုးတရားထူးလို့များ
အဲဒီသေခြင်းတရားကြီးက
သားရဲ့အရွှန်းပဆုံးအိပ်မက်တွေကိုဆုတ်ဖြဲလိုက်ရတာလဲ
သား..ရင်ထဲကအမေ့ကိုအတင်းဆွဲထုတ်
တစ်ဘ၀စာဓူဝံကြယ်လေးကိုဖြုတ်သွားတယ်။
တစ်ဘ၀လုံးစာပေးဖတ်မယ်ဆိုတဲ့အမေ့ရဲ့မေတ္တာတရား
တစ်ဖက်စာမျက်နှာမှာ...ကွပ်လပ်တွေထားသွားပြီ
အမေအပြီးသတ်မသွားတဲ့ဥယျာဉ်လေးထဲမှာပေါ့
ကံဆိုးမိုးတွေဖြိုင်ဖြိုင်သဲတယ်အမေ
အမြင်အကြည့်တိုင်းမှာလည်းအနာဂတ်ဆိုတာမည်းမှောင်လို့
ကလေးတစ်ယောက်ရဲ့အနာဂတ်ထဲမှာ
ကြောင်လက်သည်းရှင်ကံတရားက
မိုး...ကော...လေ....ကော...ထား...သွား....တယ်....။

Saturday, October 6, 2012

*ထင်ယောင်ထင်မှား လွမ်းတယ်*




~~*ထင်ယောင်ထင်မှား လွမ်းတယ်*~~

သစ်ရွက်တွေ ရှပ်တိုင်သံကြားတိုင်း
ငါလွမ်းတယ်  -.-.-.-.-
မင်းခြေသံမှတ်လို့

စမ်းချောင်းလေးတွေ စီးသံကြားတိုင်း
ငါလွမ်းတယ်  -.-.-.-.-
မင်းငိုသံမှတ်လို့

ခေါင်းလောင်းလေးတွေ ပွတ်တိုက်သံကြားရင်
ငါလွမ်းတယ်   -.-.-.-.-
မင်းရယ်သံမှတ်လို့

ချစ်ဆုံးဆိုတာ...

သူငယ်ချင်းတို့ရယ် .....

နာ့မှာ မထင်မှတ်ပဲ ဆုံတွေ့ခဲ့တဲ့ သူတယောက်ရှိတယ် .....
နာတို့တွေ ခင်မြင်ပီးနောက် ...ချစ်ဆုံးလို့ခေါ်တတ်ခဲ့ပါတယ်...
ဘာလို့ ချစ်ဆုံးလို့ခေါ်လဲဆိုတာ ...သူပြောပြခဲ့တယ် ....
နာ ကိုယ်တိုင်လည်း သူ့အခေါ်အဝါကို ကြိုက်နှစ်သက်ခဲ့တယ် ....
ပြောရမယ်ဆို သူ့အခေါ်ကြောင့် သူ့ကိုပိုပီး ... ခဲ့တယ်.....

သူ့ကိုစိတ်ကောက်ခဲ့ရင်တောင်မှ
ချစ်ဆုံးလို့သူခေါ်လိုက်ရင် စိတ်ကောက်တာတောင်
ဘယ်ရောက်သွားပီလဲလို့ ပြန်ရှာရမယ်လိုလိုဖြစ်နေတယ် ...
အဲဒီလိုနဲ့ သူ့ရဲ့ ချစ်ဆုံးလို့ခေါ်သံက ...ဆွဲအားကောင်းခဲ့တယ်...။


ခုတော့ စပြီး စဉ်းစားစရာတွေ ဖြစ်လာပီလေ...........

ချစ်ဆုံး ဆိုတာ သူပြောခဲ့သလိုပဲ .. အများကြီးထဲက အချစ်ဆုံးလားးးးးးး
အကျင့်ပါပီး ချစ်ဆုံးလို့ခေါ်ခဲ့တာလား........
ချစ်ဆုံးဆိုတာ အခေါ်အဝါတခုပဲလားးးးးးးးးး
ချစ်ဆုံးဆိုတဲ့ Grammar ပဲမှားနေလား ..
နာအပေါ်ပဲ ကံဆိုးမိုးမှောင်ကျတော့မလား.....။

ချစ်ဆုံးလို့ သူ့ခေါ်သံမှာ ရင်ခုန်ခဲ့သော ကောင်မလေးတယောက်ဘယ်လို ဆက်လုပ်ရမလဲ။။။။။


နေလ

တခါကရတနာပုံကဗျာများ


မမေ့နိုင်တဲ့အတိတ်

အုတ်ရိုးနီနီနဲ့ရတနာပုံရယ်..
          ရာဇ၀င်တွေနဲ့တောင်သမာန်ရယ်
           မေ့မရတဲ့ထန်းတောရိပ်ရယ်
      ထိတွေ့ခွင့်မရှိတော့တဲ့စာသင်ခုံတွေရယ်
            မကြားရတော့တဲ့အဆောင်ရှေ့ကဂီတာသံစဉ်တွေရယ်
            ပြန်မဆုံနိုင်တော့တဲ့ သူငယ်ချင်းတွေရယ်
           ဘယ်တော့မှမထားခဲ့ဘူးလို့ ကတိပေးပြီး
ဘယ်တော့မှပြန်မလာတော့တဲ့ချစ်သူရယ်
            ဖြူစင်ခဲ့တဲ့ငါ့အပြုံးတွေရယ်      
          ....ငါလွမ်းတယ်။            ။