This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 3 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 5 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

New Page 1

ဘဝရဲ့ဆည်းဆာ ဆိုဒ်ကလေးမှ ကြိုဆိုပါတယ်ခင်ဗျာ... လာရောက်လည်ပတ်တဲ့အတွက်လည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ...အမှားအယွင်းတစ်စုံတရာရှိပါက နားလည်ခွင့်လွှင့်ပေးကြပါရန် မေတ္တာရပ်ခံပါရစေ....

Pages

Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, February 1, 2014

အနားသတ်ကဗျာ

စွန့်လွှတ်မယ် တွေးလိုက်တိုင်း
ဒီရင်ခွင်လက်ဝဲဘက်က နာကျင်တယ်…။
မေ့ဖျောက်ဖို့ ကြိုးစားတိုင်း
ဒီရင်ခွင်လက်ဝဲဘက်က ပူလောင်တယ်…။
နင်နောက်တစ်ယောက် တွဲသွားတိုင်း
ဒီရင်ခွင်လက်ဝဲဘက်က အချက်ပြတယ်…။
ဒါပေမယ့် အခုတော့
ငါ့ဘ၀မှာ နင်မလိုတော့ဘူး အမြဲတမ်းလဲ အားမငယ်ဘူး။
ဘယ်တော့မှ ငါ့ကို မထားခဲ့ပါနဲ့လို့လဲ မပြောတော့ဘူး။
နင် မသိနိုင်တဲ့နေရာမှာ တိတ်တိတ်လေးလဲ ငါ မငိုဘူး။
နီးစပ်ဖို့လဲ မကြိုးစားဘူး မရေရာတာတွေ မလုပ်တော့ဘူး။
အသဲကွဲကဗျာ မရေးတော့ဘူး လွမ်းဆွေးခွင့် မပေးတော့ဘူး။
ခင်မင်မှု …….သံယောဇဉ်……….
မြတ်နိုးမှု……….တွယ်တာမှု……….
ရိုးသားမှု………….သစ္စာရှိမှု………..
ယုံကြည်မှု…………..ခွင့်လွှတ်မှု………..
ဆိုတဲ့ နင့်အတွက် ထာဝရတွေကို ငါ နောက်ပြန်ရစ်မယ်။
အချိန်တွေတိုက်စားလာတာနဲ့ အမျှ
အချစ်ကို ကောင်းကောင်းကြီး သဘောပေါက်သွားတယ်။
ငါ စွန့်လွတ်မှုကိုရွေးချယ်နိုင်ခဲ့လို့
အေးချမ်းခြင်း သဘောတရားကို နားလည်သွားတယ်။
ကောင်းတဲ့ခံစားချက်ကို ငါကိုယ်တိုင်ပဲ ဖန်တီးယူတော့မယ်။
ဒါပေမယ့်ပေါ့…..
ပကတိဖြူစင်ရိုးသားတဲ့ ငါ့ အပြုံးကို ပြန်မြင်ရဖို့အတွက်
တော်တော့် ကို ကြိုးစားရဦးမယ်……………….။

မရဏနိယာမ

မှုန်ပြပြအခန်းငယ်ထဲ……..
ဖြူညစ်ညစ် မျက်နှာကြက်ကို မျှော်ငေးရင်း
ကြောပူတဲ့ ဒဏ်ကလည်း ခံရခက်လှပါတယ်။

ခုတင်တိုင် ခေါင်းရင်း ခြေရင်း အနားစွန်းတိုင်း
ရှုတ်ယှက်ခတ်နေတဲ့ပိုက်လိုင်းတွေမှတဆင့်
တစ်စက် တစ်စက် စီးဆင်းထားတဲ့ ဆေးရည်
တဆစ်ဆစ်တိုးဝင်နေတဲ့ လက်ဖျံဆီက အပ်
နာကျင်ခြင်းမှတပါး အရာအားလုံးက မှန်ဝါးဝါး။

နှောင်ဝေေ၀ …….
ကြေးစည်သံအဝှေ့ စီခနဲ ငိုညည်းသံကြား
အိပ်စက်ခြင်းကို ညင်သာစွာ နိုးထလိုက်တယ်။

အခုတော့လည်း ငါ့ကိုယ်ခန္ဓာက ပေါ့ပါးစွာ
နာကျင်ခြင်း ကင်း ရှုပ်ထွေးခြင်း ရှင်းလို့
အဖြူရောင် သေတ္တာငယ်ကလေးထဲမှနေ
နှုတ်ဆက်သမျှ တည်ငြိမ်စွာ ပြန်ပြုံးပြရင်း
ငြိမ်ချမ်းစွာ လှဲလောင်းနေလို့ပါလား။

အဆင် အယဉ်…..
ပန်းနုရောင် ဖဲကြိုးလေးများအလယ်
အနားသတ် လိပ်စာကဒ်က ရိုးရှင်းစွာ ။

“ဒီကောင်မလေး…….အသက်၂၆ နှစ်”

ငယ်အဆင်း ပြိုယွင်း ဇရာ မသွင်းရသေးငြား
အချိန်တိုင်း စက္ကန့်တိုင်း မရဏတံခါးဝတွင်း
သက်ဆင်းလို့ သွားနိုင်ပါတကား။

တစ်စုံတစ်ရာ

အတိတ်ဆိုတာ သောင်ပြင်မှာ ရေးခြစ်ပြီး
ကမ်းစပ်ကိုလှိုင်းပုတ်ယုံနဲ့ ပျောက်ကွယ်သွားသလို မပျောက်ကွယ်နိုင်ဘူး
တစ်စုံတစ်ရာ တည်ရှိနေလိမ့်မယ်။
အတန်းသင်ခန်းစာ ပြီးဆုံးနေပေမယ့် လောကသင်ခန်းစာက ခုနေခါမှ စတယ်
သရုပ်ပြချက်တွေထက် လက်တွေ့လုပ်ရပ်က  ပိုရက်စက်တယ်
တစ်စုံတစ်ရာ ပေးဆပ်ရလိမ့်မယ်။
ကိုးကွယ်မိတဲ့ အချစ်က ထင်ထားတာထက် အယောင်ဆောင်မှုတွေ ပိုများတယ်
ဘယ်သူနဲ့မှ အမှား အမှန် ပြိုင်ငြင်း မနေတော့ပါဘူး
တစ်စုံတစ်ရာ မှန်လိမ့်မယ်။
ခက်ခဲမှုတိုင်းက လွယ်ကူခြင်းရဲ့ လမ်းစဖြစ်လာသလို
ဘ၀အတွက် စိန်ခေါ်မှုတွေကို ယှဉ်ပြိုင်ဖို့လိုလာတိုင်း ငါ အတွက် ခံနိုင်ရည်ဆိုတာ
တစ်စုံတစ်ရာ က အားအဖြစ်ပြောင်းပေးတယ်။
မိုးရွာပြီးစ သစ်ရွက်အဖျားလေးမှာ တွဲလဲခိုနေတဲ့ ရေကြည်တစ်စက်ပေါ်ကို
နေရောင်ခြည်ဖြာကျလိုက်တဲ့အခါ စိန်ရောင်တွေလို တဖျပ်ဖျပ်တောက်ပနေသလောက်
မျက်ဝန်းအိမ်ဖျားမှာတွဲလဲခိုနေတဲ့ ငါ့ မျက်ရည်စက်က ကြည့်မကောင်းခဲ့ပါဘူး..။
သေချာပါတယ်
နှလုံးသားတစ်နေရာမှာ တစ်စုံတစ်ရာ က စူးနစ်ဝင်ရောက်ထားဆဲ။

Saturday, November 3, 2012

မိုး...ကော...လေ...ကော...ထား...သွား...တယ်

ဘာကိုစိတ်ချလက်ချယုံလိုက်ရတော့မှာလဲအမေ...
ဘ၀ကလည်းရေနည်းနေပြီ
မနက်ဖြန်တွေကမလင်းနိုင်သေးသလို
အမှောင်တွေကလည်းမကုန်သေးဘူး
ခုတော့ကိုယ့်ပုခုံးကိုယ်ပုတ်နှစ်သိမ့်ယုံပေါ့
သား...အမေ...ရင်ခွင်ထဲမှာလုံလုံခြုံခြုံနေချင်သေးတယ်။
ဒီအညွှန့်အတက်ကလေး
အမေရဲ့မေတ္တာ စင် ကလေးပေါ်တွယ်ရပ်နေတုန်း
ဲဗြုန်းဆို...အမေ...အမှောင်ထဲမှာပြုံးပြနူတ်ဆက်သွားတော့
သားဘယ်လိုမျှော်လင့်ချက်အသစ်နဲ့
ပျိုမြစ်ဖူးပွင့်ရမလဲအမေ....
လိုတာကိုလက်ညိုးထိုးငိုယိုခွင့်ရှိတဲ့သားရဲ့မျက်ရည်တွေက
အမေ့ကို...ပြန်ခေါ်ပေးနိုင်လို့လား
သူ့အတွက်ဘယ်လိုအကျိုးတရားထူးလို့များ
အဲဒီသေခြင်းတရားကြီးက
သားရဲ့အရွှန်းပဆုံးအိပ်မက်တွေကိုဆုတ်ဖြဲလိုက်ရတာလဲ
သား..ရင်ထဲကအမေ့ကိုအတင်းဆွဲထုတ်
တစ်ဘ၀စာဓူဝံကြယ်လေးကိုဖြုတ်သွားတယ်။
တစ်ဘ၀လုံးစာပေးဖတ်မယ်ဆိုတဲ့အမေ့ရဲ့မေတ္တာတရား
တစ်ဖက်စာမျက်နှာမှာ...ကွပ်လပ်တွေထားသွားပြီ
အမေအပြီးသတ်မသွားတဲ့ဥယျာဉ်လေးထဲမှာပေါ့
ကံဆိုးမိုးတွေဖြိုင်ဖြိုင်သဲတယ်အမေ
အမြင်အကြည့်တိုင်းမှာလည်းအနာဂတ်ဆိုတာမည်းမှောင်လို့
ကလေးတစ်ယောက်ရဲ့အနာဂတ်ထဲမှာ
ကြောင်လက်သည်းရှင်ကံတရားက
မိုး...ကော...လေ....ကော...ထား...သွား....တယ်....။

Saturday, October 6, 2012

*ထင်ယောင်ထင်မှား လွမ်းတယ်*




~~*ထင်ယောင်ထင်မှား လွမ်းတယ်*~~

သစ်ရွက်တွေ ရှပ်တိုင်သံကြားတိုင်း
ငါလွမ်းတယ်  -.-.-.-.-
မင်းခြေသံမှတ်လို့

စမ်းချောင်းလေးတွေ စီးသံကြားတိုင်း
ငါလွမ်းတယ်  -.-.-.-.-
မင်းငိုသံမှတ်လို့

ခေါင်းလောင်းလေးတွေ ပွတ်တိုက်သံကြားရင်
ငါလွမ်းတယ်   -.-.-.-.-
မင်းရယ်သံမှတ်လို့

ချစ်ဆုံးဆိုတာ...

သူငယ်ချင်းတို့ရယ် .....

နာ့မှာ မထင်မှတ်ပဲ ဆုံတွေ့ခဲ့တဲ့ သူတယောက်ရှိတယ် .....
နာတို့တွေ ခင်မြင်ပီးနောက် ...ချစ်ဆုံးလို့ခေါ်တတ်ခဲ့ပါတယ်...
ဘာလို့ ချစ်ဆုံးလို့ခေါ်လဲဆိုတာ ...သူပြောပြခဲ့တယ် ....
နာ ကိုယ်တိုင်လည်း သူ့အခေါ်အဝါကို ကြိုက်နှစ်သက်ခဲ့တယ် ....
ပြောရမယ်ဆို သူ့အခေါ်ကြောင့် သူ့ကိုပိုပီး ... ခဲ့တယ်.....

သူ့ကိုစိတ်ကောက်ခဲ့ရင်တောင်မှ
ချစ်ဆုံးလို့သူခေါ်လိုက်ရင် စိတ်ကောက်တာတောင်
ဘယ်ရောက်သွားပီလဲလို့ ပြန်ရှာရမယ်လိုလိုဖြစ်နေတယ် ...
အဲဒီလိုနဲ့ သူ့ရဲ့ ချစ်ဆုံးလို့ခေါ်သံက ...ဆွဲအားကောင်းခဲ့တယ်...။


ခုတော့ စပြီး စဉ်းစားစရာတွေ ဖြစ်လာပီလေ...........

ချစ်ဆုံး ဆိုတာ သူပြောခဲ့သလိုပဲ .. အများကြီးထဲက အချစ်ဆုံးလားးးးးးး
အကျင့်ပါပီး ချစ်ဆုံးလို့ခေါ်ခဲ့တာလား........
ချစ်ဆုံးဆိုတာ အခေါ်အဝါတခုပဲလားးးးးးးးးး
ချစ်ဆုံးဆိုတဲ့ Grammar ပဲမှားနေလား ..
နာအပေါ်ပဲ ကံဆိုးမိုးမှောင်ကျတော့မလား.....။

ချစ်ဆုံးလို့ သူ့ခေါ်သံမှာ ရင်ခုန်ခဲ့သော ကောင်မလေးတယောက်ဘယ်လို ဆက်လုပ်ရမလဲ။။။။။


နေလ

တခါကရတနာပုံကဗျာများ


မမေ့နိုင်တဲ့အတိတ်

အုတ်ရိုးနီနီနဲ့ရတနာပုံရယ်..
          ရာဇ၀င်တွေနဲ့တောင်သမာန်ရယ်
           မေ့မရတဲ့ထန်းတောရိပ်ရယ်
      ထိတွေ့ခွင့်မရှိတော့တဲ့စာသင်ခုံတွေရယ်
            မကြားရတော့တဲ့အဆောင်ရှေ့ကဂီတာသံစဉ်တွေရယ်
            ပြန်မဆုံနိုင်တော့တဲ့ သူငယ်ချင်းတွေရယ်
           ဘယ်တော့မှမထားခဲ့ဘူးလို့ ကတိပေးပြီး
ဘယ်တော့မှပြန်မလာတော့တဲ့ချစ်သူရယ်
            ဖြူစင်ခဲ့တဲ့ငါ့အပြုံးတွေရယ်      
          ....ငါလွမ်းတယ်။            ။

သေနေ့လက်ဆောင်

သူငယ်ချင်း......
မင်းနဲ့ငါက ရွယ်သက်တူမို့
တဖြေးတဖြေး တရေးရေးနဲ့
ငါလဲဆံဖြူ မင်းဆံဖြူလို့
သွားတွေကြွေကျအရေတွန့်ကာ
မျက်စိကမွဲ ခါးကိုင်းလို့သာ
ဇရာခေါ်ရာ တို့လိုက်ပါခဲ့..

အချစ်ဦး..

့လမင်းရဲ့
အချစ်ဦးက
အရှေ့မိုးကောင်းကင်ကြီး

ပန်းလေးများရဲ့
အချစ်ဦး
ရွေလိပ်ပြာ


အကယ်၍...
အချစ်ရဲ့အချစ်ဦးက
ငါဧ။်မျက်လုံးများသာဖြစ်ခဲ့မယ်ဆိုရင်.... 


နေလ

စာသင်ခန်းမှအလွမ်းရှင်

ဟိုစဉ်ကာလ...ငယ်ဘဝ

မိဘမေတ္တာ...အေးရိပ်မှာ..

သာယာငြိမ်းချမ်း..ပူမသမ်း...

မျှော်မှန်းမိသည်...မျှော်မိသည်....။



ချစ်တတ်ပါပေ..မြတ်မေမေ

အဖေကလည်း...ချစ်မနည်း...

ပျော်နွဲဂေဟာ...ခိုင်မြဲစွာ

သာယာလှသည်...သာလှသည်....။

Sunday, September 23, 2012

တုနှိုင်းမရသောကျေးဇူးရှင်

ကီးကျယ်လှတဲံ မေတ္တာတရား
ခမ်းနားလှတဲံ ယုယမှု
ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရတဲံ
နွေးထွေးခြင်းများစွာနဲ့
ရင်မှ ပေါက်ဖွားလားတဲ့
သားသ္မီးတွေကို
လောကနဲ့ ယဉ်ဘောင်တန်းနိုင်အောင်
ပြုစုစောင့်ရှောက်ပေးတဲ့
မိဘတွေရဲ့ မေတ္တာကို
ဘယ်အရာနဲ့မှ လဲလို့မရမှန်း
သားသိခဲ့သလို
ပျော်ရာမနေ တော်ရာနေ၍
ချိန်တွေရှိခိုက် လုံးလဆိုက်နော်ဆိုတဲ့
ကျေးဇူးရှင်မိဘနှစ်ပါးရဲ့
စကားသံလေးတွေကလဲ
သားဘ၀ကို တိုးတက်အောင်
ဖန်တီးပေးမယ်ဆိုတာ
သားယုံကြည်မှုတွေ
ခိုင်ခိုင်မာမာရှိခဲ့မိပါပြီ....


နေလ

မီးတောင် “ ရှယ် ” ပွင့်သွားမယ်.


မြန်မာဆိုတာ ဘာလဲ...သိချင်လား ?

အရေးကြီးတော့ သွေးစည်းတယ်ဆိုတာ အခုယုံပြီလား
အပိုမပြောပါဘူး..“မြန်မာ”ဆိုတာ ဘာလဲ သိချင်ရင် ထိကြည့်
ရိုးရိုး မဟုတ်ဘူး...မီးတောင် “ ရှယ် ” ပွင့်သွားမယ်....။
မျိုးချစ်စိတ်ဆိုတာ ဘာလက်နက် လာလာမကြောက်ဘူး
မျိုးချစ်စိတ်ဆိုတာ ဘယ်သူဖျက်ဖျက် မပျက်ဘူး
မျိုးချစ်စိတ်ဆိုတာ ဘယ်သူ့မှ မမှုဘူး......
တိုင်းရင်းသားတွေ စုပေါင်းထားတဲ့ ငါတို့နိုင်ငံ
တစ်လက်မတောင် အကျူးကျော်.....မခံ
အထင်မသေးနဲ့ အမြင်မအေးဘဲ...ရင်လေးသွားမယ်  မယုံရင် ထိကြည့်
ရိုးရိုး မဟုတ်ဘူး...မီးတောင် “ ရှယ် ” ပွင့်သွားမယ်....။

အလင်း ရဲ့ အလင်း

ကျောင်းသင်ရိုးညွှန်းတမ်းထဲမပါတဲ့
အခြင်းအရာ နှစ်ခု
အမေက ကလေးတစ်ယောက်ရဲ့ ရင်ဘတ်ထဲ သွင်းပေးခဲ့တယ်…။
         (၁)
ညရဲ့မီးပုံလေး
အမေက ရေနဲ့ဖျန်းပက်လိုက်တော့
ရှဲ……. ဆိုတဲ့ အသံနဲ့အတူ……….။
   ( အမေ ဘာပြောတာလဲ  သားမကြားရဘူး)
     (၂)
ဆောင်းနံနက်ခင်းမှာ
အဲဒီ ဆီးနှင်းထုကို သားကြည့်နေပါ….တဲ့ ။
   (သား ဘာမှ မမြင်ရဘူး)
အဲဒီ အခြင်းအရာနှစ်ခုကို ရှာဖွေတဲ့အခါ
သက္ကရာဇ်တွေ ကြွင်းတာကို တွေ့ရတော့
သေချာတယ်
အမေ က အလင်းဖြစ်စဉ် တွေကို နှိုင်းယှဉ် ပြခဲ့တာ…၊
နက်ရှိုင်းလွန်းတယ် အမေ
       ဆင့်ပွားခံစားမိပါရဲ့…
သိပြီ အမေ
ပျောက်ပြယ်သွားတတ်တဲ့ အရာထဲ
ဖျက်ဆီးပစ်လို့ ရတဲ့အရာထဲမှာ သမိုင်းကြောင်းမပါဘူး…….။

မေ့မရနိုင်သော အဖေ

လဖေဖော်ဝါရီ     ၊   အစချီကာ
ချိန်ခါရက်မြတ်    ၊   ဆယ့်သုံးရက်က
မြန်မာ့ဂုဏ်ရောင် ၊ ထွန်းပြောင်စေလို့
တောင်ကျွန်းဇမ္ဗူ  ၊ သက်သေထူသူ
ပြည်သူများတွက် ၊ စဉ်ပေးဆပ်ပြီး
လွတ်လပ်ရေးအတွက် ၊ အသက်ပေးကာ
စွန့်သွားရှာသူ  ၊  အာဇာနည်သွေး
အဖေ့မွေးနေ့  ၊  အစဉ်မမေ့ခဲ့ပါဘူး  အဖေ။     ။
                   ဟိုတုန်းချိန်ခါ  ၊  ပြည်မြန်မာမှာ
                    မိစ္ဆာနယ်ချဲ့  ၊  လွှမ်းခြုံခဲ့လို့
                    တို့ ဘိုးဘွားတွေ  ၊  ဒုက္ခဝေကာ
                    လူမျိုးဘာသာ  ၊  သာသနာလဲ
                    ညှိုးရော်မဲမှောင် ၊ ညသန်းခေါင်လို
                    လင်းရောင်ကွယ်ပျောက် ၊ လမ်းပျောက်ခဲ့ပြီး
                    မင်းမဲ့တိုင်းပြည်  ၊  ဖြစ်တည်ခဲ့တာ
                    မမေ့ခဲ့ပါဘူး   အဖေ။     ။

သခင့်ရဲ့ဂုဏ်ရည်သဘော

သြော်---မြန်မာနန်းပလ္လင် ခွေးဘုရင်တက်စဉ်က
ရာဇ၀င်သမိုင်းတွင် လျှမ်းအစဉ်တင့်စေဖို့
တောင်တွင်းခရိုင် နတ်မောက်မြို့မှာပေါ့
သခင့်ကိုတော့ သန္ဓေတည်ပြီ
ငါတို့ဌာနီ လွတ်မြောက်ပြီဟု
နိမိတ်ဝါစီ စာဆိုရှိတာဖြင့်
ထန်းကိုပ မိုးကြိုးခွင်းမည်
တစ်ကိုးတစ်ငါး ဖေဖော်ဝါရီ
တေရသာဟာ ရက်အလီပွါး
အာရုဏသမယေ နဂါးစနေ မှာ ဖွါးပြီမို့
အမည်နာမံ ရုဠှီကြံလိုက်တာဖြင့်
တဘောင်ဆန်ဆန် နိမိတ်မှန်ဖတ်သည့်ပမာ
မသာကုလားဖြူ အယုတ်တမာတွေ တွန်းလှန်စေဖို့
မျောက်သဏ္ဍာန်တူ အင်္ဂလိပ်မျက်နှာဖြူကို မောင်းထုတ်စေဖို့
ငါတို့ပြည်မြန်မာ လွတ်လပ်ရေးကို ရစေဖို့
အမှောင် အပိတ် အပိန်းတွေ ဖယ်တိန်းစေဖို့
ထိန်လင်းဆိုသည့် သခင်တစ်ယောက်
တို့ပြည်မှာ ပေါက်ဖွားခဲ့ပြီလေ  ။

အဖ သို့ လွမ်းချင်း

ဖေဖော်ဝါရီ ရောက်ပြန်ပြီလေ..
ဖေဖော်ဝါရီရဲ့ကောင်းကင်ထဲမှာ
ပြိုးပြိုးပြက်ပြက်လင်းလက်သွားစေတဲ့
"ဆယ့်သုံးရက်နေ"့ ဆိုတာ
တစ်သက်လုံးမမေ့နိုင်စရာပေါ့
အဲဒီနေ့မှာ..
"ထိန်လင်း" ဆိုတဲ့ ကြယ်တစ်ပွင့် ထွန်းတောက်ခဲ့တယ်
"ဗိုလ်တေဇ" ဆိုတဲ့ လတစ်စင်း ထွန်းပခဲ့တယ်
"ဗိုလ်အောင်ဆန်း" ဆိုတဲ့ နေမင်း ထွန်းလင်းခဲ့တယ်
အဲဒါ-ငါတို့ရဲ့ အဖေ
ငါတို့အားလုံးရဲ့ အဖေ...
လွမ်းတယ် အဖေ-
ဖေဖော်ဝါရီရဲ့ နှင်းအေးအေးတွေဖုန်းလွှမ်းတဲ့အခါ
အဖေ့နှလုံးသွေးနဲ့ ပက်ဖျန်းထားသလို ခံစားရတယ် အဖေ..
ဖေဖော်ဝါရီရဲ့ နေခြည်နွေးနွေးတွေခြုံလွှမ်းတဲ့အခါ
အဖေ့လက်မောင်းနဲ့ ထွေးပွေ့ထားသလို ခံစားရတယ် အဖေ..
ဖေဖော်ဝါရီထဲမှာ အဖေထုဆစ်ပုံဖော်ပေးခဲ့တဲ့
ပင်လုံတောင်တန်း၊ မြစ်ကမ်းနဲ့ပင်လယ်တွေကြားမှာ
ရွှေပြည်အေးတရား ဟောလှည့်ပါဦး အဖေရယ်..
(အံ့သြစရာကောင်းပုံများ-)
ဖေဖော်ဝါရီ(၁၃) ရက်မှာမွေးဖွားခဲ့တဲ့ ကြယ်တစ်ပွင့်
တော်မီ(၁၃) ချက်နဲ့ ကြွေလွင့်ရရှာသတဲ့
ရင်နင့်လှပါရဲ့ အဖေရယ်...

ဖေဖော်ဝါရီ အလွမ်း

 ဖေဖော်ဝါရီ၊ရောက်လာပြီတည့်
ဇာနည်အောင်ဆန်း၊ပြည်ချစ်ပန်း၏
ပွင့်လန်းထုံညက်၊ဆယ့်သုံးရက်ကို
ဘယ့်တွက်မေ့နိုင်ပါမည်နည်း။
ယခုခါဝယ်၊များလူငယ်တို့
ဆယ်မှာသုံးစွန်း၊မေ့နိုင်လွန်းကြ
ရွှန်းရွှန်းဝေဆာ၊ပြောကြပါသည်
လာမည်ထိုရှေ့၊"ချစ်သူနေ့"တဲ့
ဇာနည်ကိုမေ့၊လစ်လျူရှုပေ့ကွယ်။
'ချစ်သူ"ချစ်သူ၊ခေတ်လူငယ်ကို
ပြစ်ယူဖွယ်ဟု၊ဆိုသမှုလျှင်
မပြုချင်လည်း၊ရင်ထဲမကောင်း
ခါမနှောင်းခင်၊သိစေချင်မိ
ဖခင်အောင်ဆန်း၊ပြည်ချစ်ပန်းကို
လွမ်းကြပါစေ၊ချစ်သူတွေ..
တမ်းတပါလေ၊ခေတ်လူတွေ။

တိုချစ်တဲ့ တို့အလံ

တို့ချစ်တဲ့ တို့အလံ

တည်ကြည်ခန့်ငြား
မြင့်မြတ်လှတဲ့ မင်းရဲ့သဏ္ဍာန်
ရဲရင့်တောက်ပ
လေးစားရတဲ့ မင်းရဲ့မာန်
ဖြူစင်သန့်ရှင်း
ရိုးရှင်းလှတဲ့ မင်းရဲ့ဟန်
တို့ရင်မှာ မေ့မရ
အစားထိုးဖို့ နှိုင်းမရ
တန်ဖိုးထားခဲ့ရပေမယ့်
မလွန်ဆန်နိုင်တဲ့ အကြောင်းကံရယ်
မဖီဆန်နိုင်ခဲ့လေတော့
မင်းဘ၀မြေမှာ ခခဲ့လည်း
ရင်မှာမချိ လွမ်းရယ်အတိနဲ့
ရင်မှာသိုဝှက်လို့ နှလုံးသားထဲမှာဘဲ
သေတဖန်သက်ဆုံးတိုင် သိမ်းဆည်းခဲ့ရတယ်.....။ ။


နေလ

အမေရှိဖူးတဲ့ပြက္ခဒိန်ဟောင်းကနေ့စွဲ...

တခါတုန်းကလို့ပြန်တွေးမိလေတိုင်း
သတိရခြင်းတွေရဲ့ထိပ်ဆုံးမှာအမေ
ပက်ကြားအက်မြေကြီးထဲကငါးက
တခါကမြစ်ပြင်ကျယ်ကြီးကိုသတိရသလိုမျိုး
တွင်းတူးရင်းအောက်ဆီဂျင်ပြတ်သွားတဲ့သူက
မြက်ခင်းတွေပေါ်ကလေညှင်းကိုတမ်းတသလိုမျိုး
အဲဒါတွေထက်ပိုတဲ့စိတ်နဲ့
တရံမပြတ်လည်းအမေ့ကိုလွမ်းဆွတ်နေခဲ့ရ
ငယ်စဉ်ဘဝကစလို့

ကျုပ်တို့နိုင်ငံ ကျုပ်တို့ပြန်မလာရင်







(တချို့တွေက တွေးတယ် … အရိုင်းစကားမပြောစမ်းနဲ့
တိုင်းတပါးမှာ မင်း ရှင်ဘုရင်မဖြစ်နိုင်ဘူး … တဲ့)
ခင်ဗျားတို့ကဗျာ ခပ်ကောင်းကောင်း
ခင်ဗျားတို့အတွေး ခပ်ကောင်းကောင်း
ဒါပေမဲ့
လွဲနေတဲ့အတွေးလွဲ
ကျုပ်တို့တိုင်းတပါး
ထွက်ခဲ့ရတဲ့အကြောင်းရင်းက
ရှင်ဘုရင်ဖြစ် မင်းလုပ်ဖို့မဟုတ်ဘူး …။
ကိုယ့်နိုင်ငံကိုယ့်လူမျိုးစင်စစ်
ဘုရင်ရူးရူးနေတဲ့
အာဏာရှင်ရူးတွေကြောင့်
ပျက်သုန်းခဲ့ရတဲ့ဘဝတွေ
ကြမ်းတမ်းခဲ့ရတဲ့ဘဝတွေ
မျှော်လင့်ချက်မဲ့ခဲ့ရတဲ့ဘဝတွေ
တစ်နေကုန် ကြုံးရုန်းလုပ်
ဆန်အိုးထဲ ဆန်မရှိတဲ့ဘဝတွေ
ရင်နာနာနဲ့
ကျုပ်တို့ချစ်တဲ့တိုင်းပြည်
ကျုပ်တို့ချစ်တဲ့လူမျိုး
စွန့်ခွာခဲ့ရ …။