မှုန်ပြပြအခန်းငယ်ထဲ……..
ဖြူညစ်ညစ် မျက်နှာကြက်ကို မျှော်ငေးရင်း
ကြောပူတဲ့ ဒဏ်ကလည်း ခံရခက်လှပါတယ်။
ခုတင်တိုင် ခေါင်းရင်း ခြေရင်း အနားစွန်းတိုင်း
ရှုတ်ယှက်ခတ်နေတဲ့ပိုက်လိုင်းတွေမှတဆင့်
တစ်စက် တစ်စက် စီးဆင်းထားတဲ့ ဆေးရည်
တဆစ်ဆစ်တိုးဝင်နေတဲ့ လက်ဖျံဆီက အပ်
နာကျင်ခြင်းမှတပါး အရာအားလုံးက မှန်ဝါးဝါး။
နှောင်ဝေေ၀ …….
ကြေးစည်သံအဝှေ့ စီခနဲ ငိုညည်းသံကြား
အိပ်စက်ခြင်းကို ညင်သာစွာ နိုးထလိုက်တယ်။
အခုတော့လည်း ငါ့ကိုယ်ခန္ဓာက ပေါ့ပါးစွာ
နာကျင်ခြင်း ကင်း ရှုပ်ထွေးခြင်း ရှင်းလို့
အဖြူရောင် သေတ္တာငယ်ကလေးထဲမှနေ
နှုတ်ဆက်သမျှ တည်ငြိမ်စွာ ပြန်ပြုံးပြရင်း
ငြိမ်ချမ်းစွာ လှဲလောင်းနေလို့ပါလား။
အဆင် အယဉ်…..
ပန်းနုရောင် ဖဲကြိုးလေးများအလယ်
အနားသတ် လိပ်စာကဒ်က ရိုးရှင်းစွာ ။
“ဒီကောင်မလေး…….အသက်၂၆ နှစ်”
ငယ်အဆင်း ပြိုယွင်း ဇရာ မသွင်းရသေးငြား
အချိန်တိုင်း စက္ကန့်တိုင်း မရဏတံခါးဝတွင်း
သက်ဆင်းလို့ သွားနိုင်ပါတကား။
Saturday, February 1, 2014
မရဏနိယာမ
6:23 AM
ကဗျာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment