This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 3 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 5 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

New Page 1

ဘဝရဲ့ဆည်းဆာ ဆိုဒ်ကလေးမှ ကြိုဆိုပါတယ်ခင်ဗျာ... လာရောက်လည်ပတ်တဲ့အတွက်လည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ...အမှားအယွင်းတစ်စုံတရာရှိပါက နားလည်ခွင့်လွှင့်ပေးကြပါရန် မေတ္တာရပ်ခံပါရစေ....

Pages

Sunday, September 23, 2012

တုနှိုင်းမရသောကျေးဇူးရှင်

ကီးကျယ်လှတဲံ မေတ္တာတရား
ခမ်းနားလှတဲံ ယုယမှု
ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရတဲံ
နွေးထွေးခြင်းများစွာနဲ့
ရင်မှ ပေါက်ဖွားလားတဲ့
သားသ္မီးတွေကို
လောကနဲ့ ယဉ်ဘောင်တန်းနိုင်အောင်
ပြုစုစောင့်ရှောက်ပေးတဲ့
မိဘတွေရဲ့ မေတ္တာကို
ဘယ်အရာနဲ့မှ လဲလို့မရမှန်း
သားသိခဲ့သလို
ပျော်ရာမနေ တော်ရာနေ၍
ချိန်တွေရှိခိုက် လုံးလဆိုက်နော်ဆိုတဲ့
ကျေးဇူးရှင်မိဘနှစ်ပါးရဲ့
စကားသံလေးတွေကလဲ
သားဘ၀ကို တိုးတက်အောင်
ဖန်တီးပေးမယ်ဆိုတာ
သားယုံကြည်မှုတွေ
ခိုင်ခိုင်မာမာရှိခဲ့မိပါပြီ....


နေလ

မီးတောင် “ ရှယ် ” ပွင့်သွားမယ်.


မြန်မာဆိုတာ ဘာလဲ...သိချင်လား ?

အရေးကြီးတော့ သွေးစည်းတယ်ဆိုတာ အခုယုံပြီလား
အပိုမပြောပါဘူး..“မြန်မာ”ဆိုတာ ဘာလဲ သိချင်ရင် ထိကြည့်
ရိုးရိုး မဟုတ်ဘူး...မီးတောင် “ ရှယ် ” ပွင့်သွားမယ်....။
မျိုးချစ်စိတ်ဆိုတာ ဘာလက်နက် လာလာမကြောက်ဘူး
မျိုးချစ်စိတ်ဆိုတာ ဘယ်သူဖျက်ဖျက် မပျက်ဘူး
မျိုးချစ်စိတ်ဆိုတာ ဘယ်သူ့မှ မမှုဘူး......
တိုင်းရင်းသားတွေ စုပေါင်းထားတဲ့ ငါတို့နိုင်ငံ
တစ်လက်မတောင် အကျူးကျော်.....မခံ
အထင်မသေးနဲ့ အမြင်မအေးဘဲ...ရင်လေးသွားမယ်  မယုံရင် ထိကြည့်
ရိုးရိုး မဟုတ်ဘူး...မီးတောင် “ ရှယ် ” ပွင့်သွားမယ်....။

အလင်း ရဲ့ အလင်း

ကျောင်းသင်ရိုးညွှန်းတမ်းထဲမပါတဲ့
အခြင်းအရာ နှစ်ခု
အမေက ကလေးတစ်ယောက်ရဲ့ ရင်ဘတ်ထဲ သွင်းပေးခဲ့တယ်…။
         (၁)
ညရဲ့မီးပုံလေး
အမေက ရေနဲ့ဖျန်းပက်လိုက်တော့
ရှဲ……. ဆိုတဲ့ အသံနဲ့အတူ……….။
   ( အမေ ဘာပြောတာလဲ  သားမကြားရဘူး)
     (၂)
ဆောင်းနံနက်ခင်းမှာ
အဲဒီ ဆီးနှင်းထုကို သားကြည့်နေပါ….တဲ့ ။
   (သား ဘာမှ မမြင်ရဘူး)
အဲဒီ အခြင်းအရာနှစ်ခုကို ရှာဖွေတဲ့အခါ
သက္ကရာဇ်တွေ ကြွင်းတာကို တွေ့ရတော့
သေချာတယ်
အမေ က အလင်းဖြစ်စဉ် တွေကို နှိုင်းယှဉ် ပြခဲ့တာ…၊
နက်ရှိုင်းလွန်းတယ် အမေ
       ဆင့်ပွားခံစားမိပါရဲ့…
သိပြီ အမေ
ပျောက်ပြယ်သွားတတ်တဲ့ အရာထဲ
ဖျက်ဆီးပစ်လို့ ရတဲ့အရာထဲမှာ သမိုင်းကြောင်းမပါဘူး…….။

မေ့မရနိုင်သော အဖေ

လဖေဖော်ဝါရီ     ၊   အစချီကာ
ချိန်ခါရက်မြတ်    ၊   ဆယ့်သုံးရက်က
မြန်မာ့ဂုဏ်ရောင် ၊ ထွန်းပြောင်စေလို့
တောင်ကျွန်းဇမ္ဗူ  ၊ သက်သေထူသူ
ပြည်သူများတွက် ၊ စဉ်ပေးဆပ်ပြီး
လွတ်လပ်ရေးအတွက် ၊ အသက်ပေးကာ
စွန့်သွားရှာသူ  ၊  အာဇာနည်သွေး
အဖေ့မွေးနေ့  ၊  အစဉ်မမေ့ခဲ့ပါဘူး  အဖေ။     ။
                   ဟိုတုန်းချိန်ခါ  ၊  ပြည်မြန်မာမှာ
                    မိစ္ဆာနယ်ချဲ့  ၊  လွှမ်းခြုံခဲ့လို့
                    တို့ ဘိုးဘွားတွေ  ၊  ဒုက္ခဝေကာ
                    လူမျိုးဘာသာ  ၊  သာသနာလဲ
                    ညှိုးရော်မဲမှောင် ၊ ညသန်းခေါင်လို
                    လင်းရောင်ကွယ်ပျောက် ၊ လမ်းပျောက်ခဲ့ပြီး
                    မင်းမဲ့တိုင်းပြည်  ၊  ဖြစ်တည်ခဲ့တာ
                    မမေ့ခဲ့ပါဘူး   အဖေ။     ။

သခင့်ရဲ့ဂုဏ်ရည်သဘော

သြော်---မြန်မာနန်းပလ္လင် ခွေးဘုရင်တက်စဉ်က
ရာဇ၀င်သမိုင်းတွင် လျှမ်းအစဉ်တင့်စေဖို့
တောင်တွင်းခရိုင် နတ်မောက်မြို့မှာပေါ့
သခင့်ကိုတော့ သန္ဓေတည်ပြီ
ငါတို့ဌာနီ လွတ်မြောက်ပြီဟု
နိမိတ်ဝါစီ စာဆိုရှိတာဖြင့်
ထန်းကိုပ မိုးကြိုးခွင်းမည်
တစ်ကိုးတစ်ငါး ဖေဖော်ဝါရီ
တေရသာဟာ ရက်အလီပွါး
အာရုဏသမယေ နဂါးစနေ မှာ ဖွါးပြီမို့
အမည်နာမံ ရုဠှီကြံလိုက်တာဖြင့်
တဘောင်ဆန်ဆန် နိမိတ်မှန်ဖတ်သည့်ပမာ
မသာကုလားဖြူ အယုတ်တမာတွေ တွန်းလှန်စေဖို့
မျောက်သဏ္ဍာန်တူ အင်္ဂလိပ်မျက်နှာဖြူကို မောင်းထုတ်စေဖို့
ငါတို့ပြည်မြန်မာ လွတ်လပ်ရေးကို ရစေဖို့
အမှောင် အပိတ် အပိန်းတွေ ဖယ်တိန်းစေဖို့
ထိန်လင်းဆိုသည့် သခင်တစ်ယောက်
တို့ပြည်မှာ ပေါက်ဖွားခဲ့ပြီလေ  ။

အဖ သို့ လွမ်းချင်း

ဖေဖော်ဝါရီ ရောက်ပြန်ပြီလေ..
ဖေဖော်ဝါရီရဲ့ကောင်းကင်ထဲမှာ
ပြိုးပြိုးပြက်ပြက်လင်းလက်သွားစေတဲ့
"ဆယ့်သုံးရက်နေ"့ ဆိုတာ
တစ်သက်လုံးမမေ့နိုင်စရာပေါ့
အဲဒီနေ့မှာ..
"ထိန်လင်း" ဆိုတဲ့ ကြယ်တစ်ပွင့် ထွန်းတောက်ခဲ့တယ်
"ဗိုလ်တေဇ" ဆိုတဲ့ လတစ်စင်း ထွန်းပခဲ့တယ်
"ဗိုလ်အောင်ဆန်း" ဆိုတဲ့ နေမင်း ထွန်းလင်းခဲ့တယ်
အဲဒါ-ငါတို့ရဲ့ အဖေ
ငါတို့အားလုံးရဲ့ အဖေ...
လွမ်းတယ် အဖေ-
ဖေဖော်ဝါရီရဲ့ နှင်းအေးအေးတွေဖုန်းလွှမ်းတဲ့အခါ
အဖေ့နှလုံးသွေးနဲ့ ပက်ဖျန်းထားသလို ခံစားရတယ် အဖေ..
ဖေဖော်ဝါရီရဲ့ နေခြည်နွေးနွေးတွေခြုံလွှမ်းတဲ့အခါ
အဖေ့လက်မောင်းနဲ့ ထွေးပွေ့ထားသလို ခံစားရတယ် အဖေ..
ဖေဖော်ဝါရီထဲမှာ အဖေထုဆစ်ပုံဖော်ပေးခဲ့တဲ့
ပင်လုံတောင်တန်း၊ မြစ်ကမ်းနဲ့ပင်လယ်တွေကြားမှာ
ရွှေပြည်အေးတရား ဟောလှည့်ပါဦး အဖေရယ်..
(အံ့သြစရာကောင်းပုံများ-)
ဖေဖော်ဝါရီ(၁၃) ရက်မှာမွေးဖွားခဲ့တဲ့ ကြယ်တစ်ပွင့်
တော်မီ(၁၃) ချက်နဲ့ ကြွေလွင့်ရရှာသတဲ့
ရင်နင့်လှပါရဲ့ အဖေရယ်...

ဖေဖော်ဝါရီ အလွမ်း

 ဖေဖော်ဝါရီ၊ရောက်လာပြီတည့်
ဇာနည်အောင်ဆန်း၊ပြည်ချစ်ပန်း၏
ပွင့်လန်းထုံညက်၊ဆယ့်သုံးရက်ကို
ဘယ့်တွက်မေ့နိုင်ပါမည်နည်း။
ယခုခါဝယ်၊များလူငယ်တို့
ဆယ်မှာသုံးစွန်း၊မေ့နိုင်လွန်းကြ
ရွှန်းရွှန်းဝေဆာ၊ပြောကြပါသည်
လာမည်ထိုရှေ့၊"ချစ်သူနေ့"တဲ့
ဇာနည်ကိုမေ့၊လစ်လျူရှုပေ့ကွယ်။
'ချစ်သူ"ချစ်သူ၊ခေတ်လူငယ်ကို
ပြစ်ယူဖွယ်ဟု၊ဆိုသမှုလျှင်
မပြုချင်လည်း၊ရင်ထဲမကောင်း
ခါမနှောင်းခင်၊သိစေချင်မိ
ဖခင်အောင်ဆန်း၊ပြည်ချစ်ပန်းကို
လွမ်းကြပါစေ၊ချစ်သူတွေ..
တမ်းတပါလေ၊ခေတ်လူတွေ။

တိုချစ်တဲ့ တို့အလံ

တို့ချစ်တဲ့ တို့အလံ

တည်ကြည်ခန့်ငြား
မြင့်မြတ်လှတဲ့ မင်းရဲ့သဏ္ဍာန်
ရဲရင့်တောက်ပ
လေးစားရတဲ့ မင်းရဲ့မာန်
ဖြူစင်သန့်ရှင်း
ရိုးရှင်းလှတဲ့ မင်းရဲ့ဟန်
တို့ရင်မှာ မေ့မရ
အစားထိုးဖို့ နှိုင်းမရ
တန်ဖိုးထားခဲ့ရပေမယ့်
မလွန်ဆန်နိုင်တဲ့ အကြောင်းကံရယ်
မဖီဆန်နိုင်ခဲ့လေတော့
မင်းဘ၀မြေမှာ ခခဲ့လည်း
ရင်မှာမချိ လွမ်းရယ်အတိနဲ့
ရင်မှာသိုဝှက်လို့ နှလုံးသားထဲမှာဘဲ
သေတဖန်သက်ဆုံးတိုင် သိမ်းဆည်းခဲ့ရတယ်.....။ ။


နေလ

အမေရှိဖူးတဲ့ပြက္ခဒိန်ဟောင်းကနေ့စွဲ...

တခါတုန်းကလို့ပြန်တွေးမိလေတိုင်း
သတိရခြင်းတွေရဲ့ထိပ်ဆုံးမှာအမေ
ပက်ကြားအက်မြေကြီးထဲကငါးက
တခါကမြစ်ပြင်ကျယ်ကြီးကိုသတိရသလိုမျိုး
တွင်းတူးရင်းအောက်ဆီဂျင်ပြတ်သွားတဲ့သူက
မြက်ခင်းတွေပေါ်ကလေညှင်းကိုတမ်းတသလိုမျိုး
အဲဒါတွေထက်ပိုတဲ့စိတ်နဲ့
တရံမပြတ်လည်းအမေ့ကိုလွမ်းဆွတ်နေခဲ့ရ
ငယ်စဉ်ဘဝကစလို့

ကျုပ်တို့နိုင်ငံ ကျုပ်တို့ပြန်မလာရင်







(တချို့တွေက တွေးတယ် … အရိုင်းစကားမပြောစမ်းနဲ့
တိုင်းတပါးမှာ မင်း ရှင်ဘုရင်မဖြစ်နိုင်ဘူး … တဲ့)
ခင်ဗျားတို့ကဗျာ ခပ်ကောင်းကောင်း
ခင်ဗျားတို့အတွေး ခပ်ကောင်းကောင်း
ဒါပေမဲ့
လွဲနေတဲ့အတွေးလွဲ
ကျုပ်တို့တိုင်းတပါး
ထွက်ခဲ့ရတဲ့အကြောင်းရင်းက
ရှင်ဘုရင်ဖြစ် မင်းလုပ်ဖို့မဟုတ်ဘူး …။
ကိုယ့်နိုင်ငံကိုယ့်လူမျိုးစင်စစ်
ဘုရင်ရူးရူးနေတဲ့
အာဏာရှင်ရူးတွေကြောင့်
ပျက်သုန်းခဲ့ရတဲ့ဘဝတွေ
ကြမ်းတမ်းခဲ့ရတဲ့ဘဝတွေ
မျှော်လင့်ချက်မဲ့ခဲ့ရတဲ့ဘဝတွေ
တစ်နေကုန် ကြုံးရုန်းလုပ်
ဆန်အိုးထဲ ဆန်မရှိတဲ့ဘဝတွေ
ရင်နာနာနဲ့
ကျုပ်တို့ချစ်တဲ့တိုင်းပြည်
ကျုပ်တို့ချစ်တဲ့လူမျိုး
စွန့်ခွာခဲ့ရ …။

ယဉ်ကျေးလိမ္မာ ကဗျာ

အန္တရာယ်ကင်းစွာ ၀တ်ဆင်ပါ
လှပနုနယ် ညီမငယ်
လုံလုံခြုံခြုံဝတ်ဆင်ပါကွယ်
မလုံမခြုံ ၀တ်ဆင်က
ဘေးရန်ဒုက္ခ တွေ့ တတ်လှ ...။
မိုးဦးကျတော့ ဖားငယ်ဟာ
သူ့ သဘာဝ အော်တဲ့အခါ
မြွေေ၇ာက်လာကာ မျဲိသကွယ့်...။
လှပလိုတဲ့ ညီမငယ်
မလုံမခြုံ ၀တ်ရင်ကွယ်
အန္တရာင်ကို ကိုယ့်တည့် တည့် 
ဖိတ်ခေါ်နေရာရောက်သကွယ့်...။
ဒါကြောင့်မို့ ကွယ် ညီမငယ်
ဖားသူငယ်လို မဖြစ်ဖို့ ရယ်
ကြိုတင်ကာကွယ်အနေနဲ့ 
လုံလုံခြုံခြုံဝတ်ဆင်ကွယ့်

နေလ

အင်တာနက်ချစ်သူ.....ကောင်လေးနှင့်ကောင်မလေးတို့အကြောင်း

ကောင်လေး........
အချစ်ရဲ့သဘောတရား
ထင်ရှားအောင်ပြောပြရရင်
နင့်ကိုငါချစ်သွားပြီ...
ကောင်မလေး.......
ဟင်...ဘာမှလည်းမဆိုင်ဘူး
မေမေနဲ့တိုင်ပြောမယ်
မီးကအခုမငယ်တောဘူး......
ကောင်လေး.....
အချစ်ကဘာကိုမှမကြောက်ဘူး
အာရုံနောက်အောင်မလုပ်နဲ့
နင်မငယ်တော့လို့ချစ်လိုက်တာ....
ကောင်မလေး....
မတွေးချင်သေးပါဘူးဟယ်
ငါ့နှလုံးသားလေးနုနယ်လွန်းလို့
လွမ်းရမှာကိုကြောက်နေတယ်.....
ကောင်လေး......

အချစ်ဦး...

့လမင်းရဲ့
အချစ်ဦးက
အရှေ့မိုးကောင်းကင်ကြီး

ပန်းလေးများရဲ့
အချစ်ဦး
ရွေလိပ်ပြာ


အကယ်၍...
အချစ်ရဲ့အချစ်ဦးက
ငါဧ။်မျက်လုံးများသာဖြစ်ခဲ့မယ်ဆိုရင်....  


နေလ

Saturday, September 22, 2012

တာရာမင်းဝေ (သို့မဟုတ်) ခေတ်တစ်ခေတ်၏အလင်းပွင့်ရင်ခုန်သံများ


ဟိုး...အဝေးကောင်းကင်ဆီမှာ
တိမ်ရုပ်တွေက...မုဆိုးဖြစ်လိုက်..သားကောင်ဖြစ်လိုက်
အဲဒီတစ်ခေတ်တုန်းကလည်း
ရင်ခုန်သံတွေကို စီးချင်းထိုးလို့
မီးမလင်းသော ညဉ့်နက်တွေတိုင်း
ကျွန်တော်တို့ ... ခင်ဗျားရဲ့ ကဗျာတွေထဲ စီးဝင်ဖူးတယ်


`သေသောသူကြာရင်မေ့ ´ လို့
ဘယ်လိုမသမာသူတွေကများ ဟောကြားခဲ့လဲ
ခင်ဗျားရဲ့စကားလုံးတွေယူသုံး
လူတစ်ချို့ကတော့ပြုံးပျော်နေကြ
ခွင့်လွှတ်ခြင်းတရားတွေနဲ့
ကောင်းကင်ဘုံရဲ့တစ်နေရာမှာ
ခင်ဗျားကတော့..ခေတ်တစ်ခေတ်ရဲ့ မီးရှူးတိုင်ကို
ဆက်လက်ထွန်းညှိနေဦးမှာပေါ့

တစ်နေ့တော့ပြန်လာခဲ့ပါ့မယ် . . . မေမေ

တစ်နေ့တော့ပြန်လာခဲ့ပါ့မယ် . . . မေမေ

ဟိုးအဝေးမှာ
ကြယ်စင်တွေ..သူတို့စွမ်းသလောက်
မှုန်ပြပြပေမယ့်..“ လင်း ” ပြရှာတယ် မေမေ
ကျွန်တော်ရော...မေမေ့အတွက်
ဘယ်လို သစ္စာတရားတွေနဲ့
ဘယ်လို မေတ္တာတရားတွေနဲ့
“ လင်း ” ပြခဲ့ပြီးပြီလဲဟင် ...

မေမေ
ကျွန်တော်တို့အရပ်မှာ
နေတွေမပွင့်ဘူး .. လတွေမသာဘူး
အချိန်တိုင်းမှာ ဖိနှိပ်စီးပိုးမှုတွေနဲ့
ဘယ်လိုများ နေသာစရာကောင်းမှာတဲ့လဲ
ဂါရ၀တရား နဲ့ ရိုသေမှုဟာ
လူ့ဘုံသမိုင်းမှာ ပျောက်ဆုံးနေလေရဲ့
မေမေသင်ကြားခဲ့သမျှ
ကျွန်တော့်မှာ . . . . နောင်တ ဆိုတာကိုအဖော်ပြုလို့
ခရီးကြမ်းကို ဆက်လက်လွှင့်နေမိဆဲ

June 19 မှာ မိုးဖွဲတွေကျနေမလား ---အမေ



June 19 မှာ မိုးဖွဲတွေကျနေမလား ---အမေ

အမှတ်တရ ပုံပြင်တစ်ပုဒ်မဟုတ်ခဲ့ဘူး
ဒါပေမယ့် -- လူတိုင်းကိုယ်စီရင်ထဲရှိခဲ့ကြ
အဲဒီတစ်ရက်က --မိုးတွေစွေနေမလားအမေ
ကောင်းကင်မှာ ကြယ်တွေအစုံပြိုင်တူလင်းခဲ့ကြ
မြေကမ္ဘာတောင် တုန်ဟီးလို့ သြဘာပေးကြ
အမေဟာ--- လူ့လောကထဲ တည်ကြည်ရဲရင့်ခြင်းနဲ့ရောက်ရှိလာခဲ့ ။

ဆိုးတယ်အမေ ---
လောကဓံဟာ အမေ့အတွက်ဆိုးတယ်
လူတွေအတွက်ဆိုးတယ်
မြန်မာပြည်ကြီးအတွက်ဆိုးတယ်
လူဆိုးသူခိုးတွေလည်းပေါပ
အမေ စိတ်ညစ်နေမလားဟင်
အမေချခဲ့တဲ့လမ်း အမေလျှောက်ခဲ့တဲ့လမ်း
ပန်းတွေပွင့်ရမယ့်အစား ဆူးခယောင်းတွေနဲ့သာ ပြည့်နှက်နေခဲ့ရ ။

ချစ်ခြင်းအတွက် ----



ချစ်ခြင်းအတွက် ----



မေ့နေခဲ့တာမဟုတ်ပါဘူး ----

အချိန်ကာလ ကြီးကသာ---တဖြည်းဖြည်းရွေ့နေခဲ့တာပါ

တဖြည်းဖြည်းအသက်တွေကြီးရင့်လာတဲ့အခါ

ကိုယ့်သဏ္ဍာန်ကိုယ်--မပီသတော့သလိုမျိုး

ခင်ဗျားကို ----တိုးတိုးပြီး စိုးမိုးနေမိခဲ့



Valentine day လက်ဆောင်

Valentine day လက်ဆောင်



ချစ်သူများနေ့မှာ ကျွန်တော်ချစ်သော ညီအကို ၊ မောင်နှမ ၊ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီညီ ညီမလေးများအတွက် ကျွန်တော့်ရဲ့ Valentine day လက်ဆောင်ပါ ။

လေလှိုင်းတွေပေါ်ကနေ တို့တွေ ဆုံတွေ့ခဲ့ကြ
လေလှိုင်းတွေပေါ်ကနေ တို့တွေ ရင်းနှီးခဲ့ကြ
အားလုံးဟာ ကမ္ဘာမြေပေါ်က မောင်နှမများ
ချစ်ခြင်းမေတ္တာ တရားအကြောင်းကိုလည်း သီကြူး---
အလွမ်းကဗျာ အချို့ကိုလည်းရေးဖွဲ့----
ဒါဏ်ရာတွေကို အတူဝေမျှ ခံစားကြလို့
ငါတို့ရှေ့ဆက်ရဦးမယ့် နက်ဖြန်ပေါင်းများစွာ ----
ဘ၀မှာ နောက်တစ်ခါ ဆုတောင်းခွင့်များ ရခဲ့ရင် ---
“ ကျွန်တော် --- အားလုံးကို သိပ်ချစ်တဲ့အကြောင်း ”
မကြာခဏ စာလုံးပေါင်းပြချင်သေးတယ်


ရပ် . . စေချင်တဲ့ မကောင်းဆိုးဝါးစစ်ပွဲ တွေ

ရပ်. စေချင်တဲမကောင်းဆိုးဝါးစစ်ပွဲ တွေရပ် . . စေချင်တဲ့

သူတို့ဟာ ကိုယ့်လည်ပင်းကို စွပ်ဖို့ကြိုးကို ကိုယ်ပြန်ကျစ်နေကြသလိုမျိုး
ကိုယ့်လူမျိုးအချင်းချင်းကိုပဲ ကိုယ်ပြန် သတ်ခဲ့ကြ
ကိုယ့်လူမျိုးအချင်းချင်းကိုပဲ ပုလ္လင်တွေ လုနေကြ
ကြားထဲက မြေဇာပင်တွေ လည်း ခဏခဏ ကြေတယ်
ကြားထဲက မြေဇာပင်တွေလည်း ခဏခဏ သေတယ်

မကောင်းဘူး. . . . ဆိုးဝါးတဲ့အမြင်အာရုံတွေကြားထဲ
သူတို့ဟာ ကလေးတွေရဲ့မျက်ရည်တွေ မမြင်ကြ
သူတို့ဟာ လူအို တွေရဲ့မျက်ရည်တွေမမြင်ကြ
လုပ်ချင်ရာလုပ်လို့ အဲဒါကိုပဲထပ်တလဲလဲအော်တယ်
“ ယုံကြည်ချက် ” တဲ့

ပိတောက်ပျိုမလေး အတွက်

သင်္ကြန်မိုးလေး တဖျောက် နှစ်ဖျောက်ရွာတော့
ပိတောက်ပင်ပျိုကလည်း အားနာပါးနာ ပွင့်ပေးတယ်
အတာကူးတဲ့ တန်ကူးရောက်လို့ ..။

အပျိုမလေး ပိတောက်တခက်ကတော့
အပင်ရဲ့ ဟိုးအမြင့်မှာ
လူတကာ မမြင်ခင် လောကကြီးကို စူးစမ်းလို့ ..။

အပျိုမလေးတွေ ပျော်တယ် မြူးတယ် ရူးတယ် မူးတယ်
လူပျိုလေးတွေ ပျော်တယ် မြူးတယ် ရူးတယ် မူးတယ် ..။

Saturday, September 8, 2012

မေ့မှာ စိုးလို့


\"\"

နှုတ်ဆက်ပြီး လမ်းမခွဲ ခဲ့ပေမဲ့
တို့ နှစ်ယောက်လုံး
အလိုက်တသိ
ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ပြီ….

မလိုအပ်တော့တဲ့
ဆုံစည်းမှုကြောင့်
နောင်တ တစုံတရာ မရမိတဲ့ အတွက်
မျက်ရည်မကျဖူး… အသည်းမကွဲဖူး…။



တကယ်..မချစ်ခဲ့လို့တော့ မဟုတ်ရပါဖူး…။

ငါ့ခံစားချက်တွေက
ပေးဆပ်ခြင်း မဟုတ်ခဲ့ဖူး
ရယူခြင်းလို့လဲ မဆိုနိုင်ဖူး..
ငါ ချစ်လို့ကို…ချစ်ခဲ့တာ

တချိန်တုန်းက မင်းရဲ့ အပြုံးက
ငါ့ နှလုံးသားကို
ရစ်မူးသာယာခဲ့စေသလောက်
ခု…
နစ်မွန်း သေစေ လောက်တယ်…။

တခါမှ မတွဲခဲ့ဖူးတဲ့
မင်း..လက်တစုံကို
တခြားသူ….
လက်တစုံ နဲ့တွဲပြီး မြင်ယောင်လေလေ..
မင်း ပျော်မှာကို တွေးမိပြီး…
ငါ့ရင်မှာ နာကျင်မိ လေ.လေ..။

ဒဏ်ရာနဲ့ ၇ှင်သန်နေပေမဲ့
ငါလျှောက်တဲ့ လမ်းက မှန်တယ်….။
မျှော်လင့်ချက်မဲ့နေပေမဲ့
ငါ့ဝိဥာဉ်က ရှင်သန်နေတရ်ယယယ

မတမ်းတပေမဲ့….
လွမ်းသလိုလို အမြဲ…
အမှတ်တရ မဟုတ်ပေမဲ့
အမှတ်ရရ ၇ှိနေချင်လို့..
ချစ်သူရယ်
မေ့မှာစိုးလို့… မုန်းမိတရ်……။
 
 
နေလ