New Page 1

ဘဝရဲ့ဆည်းဆာ ဆိုဒ်ကလေးမှ ကြိုဆိုပါတယ်ခင်ဗျာ... လာရောက်လည်ပတ်တဲ့အတွက်လည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ...အမှားအယွင်းတစ်စုံတရာရှိပါက နားလည်ခွင့်လွှင့်ပေးကြပါရန် မေတ္တာရပ်ခံပါရစေ....

Pages

Sunday, September 23, 2012

အလင်း ရဲ့ အလင်း

ကျောင်းသင်ရိုးညွှန်းတမ်းထဲမပါတဲ့
အခြင်းအရာ နှစ်ခု
အမေက ကလေးတစ်ယောက်ရဲ့ ရင်ဘတ်ထဲ သွင်းပေးခဲ့တယ်…။
         (၁)
ညရဲ့မီးပုံလေး
အမေက ရေနဲ့ဖျန်းပက်လိုက်တော့
ရှဲ……. ဆိုတဲ့ အသံနဲ့အတူ……….။
   ( အမေ ဘာပြောတာလဲ  သားမကြားရဘူး)
     (၂)
ဆောင်းနံနက်ခင်းမှာ
အဲဒီ ဆီးနှင်းထုကို သားကြည့်နေပါ….တဲ့ ။
   (သား ဘာမှ မမြင်ရဘူး)
အဲဒီ အခြင်းအရာနှစ်ခုကို ရှာဖွေတဲ့အခါ
သက္ကရာဇ်တွေ ကြွင်းတာကို တွေ့ရတော့
သေချာတယ်
အမေ က အလင်းဖြစ်စဉ် တွေကို နှိုင်းယှဉ် ပြခဲ့တာ…၊
နက်ရှိုင်းလွန်းတယ် အမေ
       ဆင့်ပွားခံစားမိပါရဲ့…
သိပြီ အမေ
ပျောက်ပြယ်သွားတတ်တဲ့ အရာထဲ
ဖျက်ဆီးပစ်လို့ ရတဲ့အရာထဲမှာ သမိုင်းကြောင်းမပါဘူး…….။


ငယ်ငယ်က တက်ခဲ့ရတဲ့ ကျောင်းနံရံမှာ
သမိုင်းကြောင်းအပေါစားကို အစားထိုး
စစ်မှန်တဲ့သမိုင်းကြောင်းဆိုတော့လည်း
ချောင်ထိုး အမှောင်ချခံရတာတောင် ကွယ်ပရိုးထုံးစံမရှိပါဘူး….။
                   ကြယ်ဝင်ကြယ်ထွက်မိုးလို
                   အင်အားကြီးမှုမျိုးအလင်း
1915. February 13 မှာ
ထွန်းလင်းခဲ့တယ်……
မျက်ဝန်းအိမ်က ပုလဲဥရင် သားမြတ်နိုးချင်မှ မြတ်နိုးမယ်
သမိုင်းကြောင်းကိုတော့ တန်ဖိုးထားတယ် အမေ
          အလင်းက အလင်းကို မွေးဖွားခဲ့
          အလင်းမှန်ရင် အလင်းပြန်တဲ့ သီအိုရီကို သားတွေ့တယ်
ဆောင်းနံနက်ခင်းရဲ့ ဆီးနှင်းထု ကွယ်ပျောက်ခဲ့ပြီ အမေ
သား အလင်းကို တွေ့တယ်……။
       သခင်အောင်ဆန်း ဆိုတဲ့
       ဗိုလ်ချုပ်သတင်း ဗိုလ်ချုပ်အလင်းနဲ့
       အဝေးရန်က သားတို့ လွတ်လပ်ခွင့်ရခဲ့တယ်
အမေ မမေ့တဲ့ February 13
သား ရင်မှာလည်း မဆိတ်သုဉ်းစေရ
          ဗိုလ်ချုပ်ရဲ့ နိဒါန်းဦး
မကြာခင်ပဲ ကျရောက်တော့မယ်


နေလ

0 comments:

Post a Comment