New Page 1

ဘဝရဲ့ဆည်းဆာ ဆိုဒ်ကလေးမှ ကြိုဆိုပါတယ်ခင်ဗျာ... လာရောက်လည်ပတ်တဲ့အတွက်လည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ...အမှားအယွင်းတစ်စုံတရာရှိပါက နားလည်ခွင့်လွှင့်ပေးကြပါရန် မေတ္တာရပ်ခံပါရစေ....

Pages

Saturday, October 6, 2012

*ထင်ယောင်ထင်မှား လွမ်းတယ်*




~~*ထင်ယောင်ထင်မှား လွမ်းတယ်*~~

သစ်ရွက်တွေ ရှပ်တိုင်သံကြားတိုင်း
ငါလွမ်းတယ်  -.-.-.-.-
မင်းခြေသံမှတ်လို့

စမ်းချောင်းလေးတွေ စီးသံကြားတိုင်း
ငါလွမ်းတယ်  -.-.-.-.-
မင်းငိုသံမှတ်လို့

ခေါင်းလောင်းလေးတွေ ပွတ်တိုက်သံကြားရင်
ငါလွမ်းတယ်   -.-.-.-.-
မင်းရယ်သံမှတ်လို့


အရာရာတိုင်း ထင်ယောင်ထင်မှား
ငါလွမ်းတယ်   -.-.-.-.-
မင်းရဲ့  အရိပ်များလားလို့

ခေါင်းရင်းက တိုင်ကပ်နာရီ ချောက်ချက်သံကြားလည်း
ငါလွမ်းတယ်   -.-.-.-.-
မင်းကွန်ပျူတာရိုက်သံလားလို့

ကာရံညီတဲ့ ဟိုက္ကူကဗျာတွေ ဖတ်ရင်လည်း
ငါလွမ်းတယ်  -.-.-.-.-.-
မင်းများစပ်ခဲ့တာလားလို့

ညဘက်အိပ်စက် အိမ်မက်ရင်တောင်
ငါလွမ်းတယ်  -.-.-.-.-.-
မင်းအကြောင်းအိမ်မက်မက်လို့

ဘာပဲဖြစ်ဖြစ် ကောင်မလေးရေ ×××××
ငါကဗျာတွေ ရေးရင်တောင်
မင်းအကြောင်းတွေးရင်းပေါ့
ထင်ယောင်ထင်မှားနဲ့  -.-.-.-.-.-
ငါလွမ်းတယ်  ×××××

အဲ့ဒါ ငါမင်းကို လွမ်းလို့ပေါ့



နေလ

0 comments:

Post a Comment