New Page 1

ဘဝရဲ့ဆည်းဆာ ဆိုဒ်ကလေးမှ ကြိုဆိုပါတယ်ခင်ဗျာ... လာရောက်လည်ပတ်တဲ့အတွက်လည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ...အမှားအယွင်းတစ်စုံတရာရှိပါက နားလည်ခွင့်လွှင့်ပေးကြပါရန် မေတ္တာရပ်ခံပါရစေ....

Pages

Saturday, September 22, 2012

Valentine day လက်ဆောင်

Valentine day လက်ဆောင်



ချစ်သူများနေ့မှာ ကျွန်တော်ချစ်သော ညီအကို ၊ မောင်နှမ ၊ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ညီညီ ညီမလေးများအတွက် ကျွန်တော့်ရဲ့ Valentine day လက်ဆောင်ပါ ။

လေလှိုင်းတွေပေါ်ကနေ တို့တွေ ဆုံတွေ့ခဲ့ကြ
လေလှိုင်းတွေပေါ်ကနေ တို့တွေ ရင်းနှီးခဲ့ကြ
အားလုံးဟာ ကမ္ဘာမြေပေါ်က မောင်နှမများ
ချစ်ခြင်းမေတ္တာ တရားအကြောင်းကိုလည်း သီကြူး---
အလွမ်းကဗျာ အချို့ကိုလည်းရေးဖွဲ့----
ဒါဏ်ရာတွေကို အတူဝေမျှ ခံစားကြလို့
ငါတို့ရှေ့ဆက်ရဦးမယ့် နက်ဖြန်ပေါင်းများစွာ ----
ဘ၀မှာ နောက်တစ်ခါ ဆုတောင်းခွင့်များ ရခဲ့ရင် ---
“ ကျွန်တော် --- အားလုံးကို သိပ်ချစ်တဲ့အကြောင်း ”
မကြာခဏ စာလုံးပေါင်းပြချင်သေးတယ်




ကံကြမ္မာရယ်---တို့တွေကို မခွဲခွာသွားပါစေနဲ့
အခွင့်ရှိသမျှ အတူနေလိုချင်ရဲ့----
ဘ၀တွေကပေးတဲ့ ခါးသီးမှု တချို့
ဘ၀တွေက ပေးတဲ့ သင်ခန်းစာတချို့
အတူဝေမျှ အတူခံစား ---အတူတူ လမ်းတွေလျှောက်ကြ
ခယောင်းတောတွေလည်းမကြောက်နဲ့----
ဆူးပင်လယ်လည်း မကြောက်နဲ့---
ကိုယ့်အနာဂါတ်ကိုယ် ပုံဖော် ထုဆစ်သော လက်ပိုင်ရှင်များ

ဒီတစ်ရက်မှ မဟုတ်ပါဘူး----အချစ်ဆိုတာကလည်း
အချိန်စက္ကန့်တိုင်း တည်ရှိနေသောအရာ---
အဲဒီထဲမှာ နွေးထွေးသော ဆက်ဆံရေးတွေရှိတယ်
အဲဒီထဲမှာ ရင်ဘတ်ခြင်းမျှဝေခြင်းတွေရှိတယ်
အဲဒီထဲမှာ တပါးသူဒါဏ်ရာရရင် ထပ်တူငိုကြွေးချင်းတွေရှိတယ်
အဲဒီထဲမှာ ပေါင်မုန့်တစ်လုံးကမ်းပေးမယ့်လက်တွေရှိတယ်
အဲဒီထဲမှာ ယုယကြင်နာခြင်းတွေလည်းရှိတယ်
အဲဒီထဲမှာ ------
အဲ ဒီ ထဲ မှာ - - - - - - - -
ရောင်စုံသက်တန့်တစ်စင်းလည်းရှိတယ် --- ။



နေလ

0 comments:

Post a Comment