New Page 1

ဘဝရဲ့ဆည်းဆာ ဆိုဒ်ကလေးမှ ကြိုဆိုပါတယ်ခင်ဗျာ... လာရောက်လည်ပတ်တဲ့အတွက်လည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ...အမှားအယွင်းတစ်စုံတရာရှိပါက နားလည်ခွင့်လွှင့်ပေးကြပါရန် မေတ္တာရပ်ခံပါရစေ....

Pages

Saturday, September 22, 2012

ပိတောက်ပျိုမလေး အတွက်

သင်္ကြန်မိုးလေး တဖျောက် နှစ်ဖျောက်ရွာတော့
ပိတောက်ပင်ပျိုကလည်း အားနာပါးနာ ပွင့်ပေးတယ်
အတာကူးတဲ့ တန်ကူးရောက်လို့ ..။

အပျိုမလေး ပိတောက်တခက်ကတော့
အပင်ရဲ့ ဟိုးအမြင့်မှာ
လူတကာ မမြင်ခင် လောကကြီးကို စူးစမ်းလို့ ..။

အပျိုမလေးတွေ ပျော်တယ် မြူးတယ် ရူးတယ် မူးတယ်
လူပျိုလေးတွေ ပျော်တယ် မြူးတယ် ရူးတယ် မူးတယ် ..။



ဆယ်ကျော်သက်လဲ ပါရဲ့
အရွယ်တော် တစိတ် နှစ်စိတ်ဟိုင်းလဲ ပါရဲ့
ဖြူဖြူ ညိုညို ပျိုပျို အို.. စုံလို့ ..။

တချို့လည်း မျက်လွှာလေးချ စင်္ကြန်လျှောက်
တချို့လည်း မဏ္ဍာပ်အလယ် က ပြ ခုန် ပေါက်
အမှတ်ကလေးတော့လည်း မလွတ်စေချင်တယ် ..။

ရိုးရာတွေလည်း ပျောက်
စိတ်ဓါတ်တွေလည်း ဖောက်
အပျော်နဲ့ အပျက် ဒွေးရောယှက်တင်တယ် ..။

ဖူးစ ပွင့်စ ပိတောက်မလေးရယ်
နုနယ်ပျိုမြစ်စမို့
အတုယူ မမှားဖို့တော့ လိုလိမ့်မယ် ..။

မင်္ဂလာနှစ်သစ်ကူးလေးဖြစ်ကြပါစေ .. မင်္ဂလာရှိစွာ ကျော်ဖြတ်နိုင်ကြပါစေကြောင်း ..း))

နေလ

0 comments:

Post a Comment