New Page 1

ဘဝရဲ့ဆည်းဆာ ဆိုဒ်ကလေးမှ ကြိုဆိုပါတယ်ခင်ဗျာ... လာရောက်လည်ပတ်တဲ့အတွက်လည်း အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ...အမှားအယွင်းတစ်စုံတရာရှိပါက နားလည်ခွင့်လွှင့်ပေးကြပါရန် မေတ္တာရပ်ခံပါရစေ....

Pages

Saturday, October 6, 2012

သေနေ့လက်ဆောင်

သူငယ်ချင်း......
မင်းနဲ့ငါက ရွယ်သက်တူမို့
တဖြေးတဖြေး တရေးရေးနဲ့
ငါလဲဆံဖြူ မင်းဆံဖြူလို့
သွားတွေကြွေကျအရေတွန့်ကာ
မျက်စိကမွဲ ခါးကိုင်းလို့သာ
ဇရာခေါ်ရာ တို့လိုက်ပါခဲ့..


သူငယ်ချင်း.............
ဇရာကပေး အားနွဲ့ခနွာ
တို့ရပြန်တော့ တောင်ဝှေးကိုစွဲ
ခလုတ်မတိုက် ဆူးမခိုက်အောင်
ရှောင်ရှားနိုင်လည်း ဗျာဓိရဲ့ဘေး
တို့ဒုန်းပြေးတောင်မလွတ်နိုင်ဘူး
သူငယ်ချင်း...............
ဒီနေ့နောက်နေ့ လားလားမသိ
ခနွာရှိက မရဏဘေး
တို့တတွေလေ ကြုံတွေ့ဦးမယ်
မင်း သေရဲပြီလားသူငယ်ချင်း
နေရဲသလို သေရဲဖို့တွက်
ဦးဝိစိတ္တ မိန့်ချွေဟသည့်
ဆုံးမစကား မင်းအတွက်လေ
သေနေ့လက်ဆောင် ပါးလိုက်ပါသည်
မသေခင်ကကြိုတင်ကောင်းမှူကြိုးစားပြုလေား ။။

နေလ

0 comments:

Post a Comment