မမေ့နိုင်တဲ့အတိတ်
အုတ်ရိုးနီနီနဲ့ရတနာပုံရယ်..
ရာဇ၀င်တွေနဲ့တောင်သမာန်ရယ်
မေ့မရတဲ့ထန်းတောရိပ်ရယ်
ထိတွေ့ခွင့်မရှိတော့တဲ့စာသင်ခုံတွေရယ်
မကြားရတော့တဲ့အဆောင်ရှေ့ကဂီတာသံစဉ်တွေရယ်
ပြန်မဆုံနိုင်တော့တဲ့ သူငယ်ချင်းတွေရယ်
ဘယ်တော့မှမထားခဲ့ဘူးလို့ ကတိပေးပြီး
ဘယ်တော့မှပြန်မလာတော့တဲ့ချစ်သူရယ်
ဖြူစင်ခဲ့တဲ့ငါ့အပြုံးတွေရယ်
တော်ဝင်သဇင် တဲ့လား
ပန်းတော်ဝင်ပင်မဲ့ မားမက်စွာမရပ်နိုင်ပြီ
သူအသွေးကိုမျို သူအရိပ်ကိုခို သူမရှိလျှင်ပြို........
သွေးရောင်ကင်းမဲ့ အဆင်းဖျော့တော့
လှမ်းလက်ကို ငှဲ့ ချင်ပါသော်လည်း
ချစ်သောမြေပြင်ရယ်
ပန်းဘ၀မနွမ်းရလေအောင်..
ပင်မြင့်ထက်ချန် လွမ်းရပေသည်.......။ ။
အဆောင်ရှေ့ကသီချင်းသံ
တိတ်ဆိတ်ညရဲ့ တေးသံဆို
မှေးစက်ပျော်အောင် ပျို နားဝင်ချို
ကြယ်လေးတွေလည်း ပြုံးကာပျော်
နိုးတ၀က်ညရဲ့ အိပ်မက်သခင်
ညဦးယံက သူ့သံဇဉ်
ဆွေးရိပ်စွတ်တဲ့ မိုးလိုပင်
အိပ်မပျော်အောင် အတွေးပိုချင်
ပျိုလေးချစ်သူ တေးသံရှင်...။ ။
နေ့သစ်
တောင်စွယ်မှာ နေကွယ်တယ်...
ကမ္ဘာတခြမ်းကိုရောက်နေတဲ အလည်လွန်နေတဲ့ လမင်း
ကြယ်ရောင်တွေရှိသားပဲလို့တွေးကာမော့လိုက်တော့
တိမ်မည်းညိုက လွှမ်းလို့ပါလား
ပိန်းပိတ်မှောင်တဲ့ငါ့ဘ၀မှာ
စမ်းတ၀ါးလမ်းလျောက်ရင်း
ဒါဏ်ရာ ပရာပွနဲ့ အားမလျော့ခရီးဆက်ခဲ့တယ်...
ဟိုးအရှေ့မှာရောင်နီပျို့ပြီပေါ့
ဒါငါ့ရဲ့ခရီး။ ။
နေလ
0 comments:
Post a Comment